ကျေးလက်တစ်ခု
ရွာတောင်ပိုင်းက ထန်းလက်မိုးထားတဲ့ ဇရပ်တစ်ခုအောက်မှာ အာရုံစိုက်နားထောင်နေကြတဲ့ ရွာသားတွေဆီကနေ လက်ခုပ်သံတွေ ဝေဝေဆာဆာ ထွက်ပေါ်လာပါတယ် ပဲစိုက်ချိန်ရောက်တိုင်း မြို့က စိုက်ပျိုးရေးပညာရှင်တွေက အခုလို သင်တန်းတွေ လာရောက်ပို့ချနေကျပါ
မနက်ဖြန် သန်ဘက်ဆို ရွာထိပ်က စာသင်ကျောင်းမှာ ရင်ခွင်ပိုက်ကလေးတိုင်းကို ကာကွယ်ဆေး လာရောက်ထိုးနှံပေးကြဖို့ နှိုးဆော်ထားပါသေးတယ်
ရွာမှာ လူမှုရေး စီးပွားရေး ကျန်းမာရေးနဲ့ပတ်သက်ရင် အဖွဲ့အစည်းတွေဆီက အခုလိုအကူအညီတွေ မကြာမကြာ ရတတ်ပါတယ်
ဒါပေမယ့် ဒါက ၂၀၁၈ ဝန်းကျင်က အညာကျေးလက်တစ်ခုရဲ့ မြင်ကွင်းပါ၊ အခုတော့ ရွာမှာ ဒီလိုအကူအညီတွေ မရတော့တာ ကြာတောင့်ကြာရှည်ရှိပါပြီ
အဖွဲ့အစည်း
တစ်ဖက်မှာလည်း အဖွဲ့အစည်းတွေက အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်
၁
ပဋိပက္ခတွေ ပိုကျယ်ပြန့်လာတာနဲ့အမျှ
ပြည်သူလူထုရဲ့ အသံကိုကြားရဖို့ ပိုပြီးခက်ခဲလာပါတယ်
၂
ကသောင်းကနင်းအခြေအနေအောက်က
ပြည်သူတွေရဲ့ဘဝကို နားလည်နိုင်ဖို့
သမာရိုးကျနည်းလမ်းတွေက အလုပ်မဖြစ်တော့တာ ကြာပါပြီ
၃
အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့
အရင်ကထက်ပိုပြီး နီးနီးကပ်ကပ်မြင်နိုင်ဖို့ လိုပါတယ်
၄
မြေပြင်အခြေအနေတွေက ပိုရှုပ်ထွေးလာသလို
ကွင်းဆင်းဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေအတွက်လဲ အန္တရာယ်က လက်တစ်ကမ်းထက် ပိုပြီးနီးကပ်လာပါတယ်
ဒါကြောင့် ပြည်သူလူထုနဲ့ အဖွဲ့အစည်းတွေကြား ချိတ်ဆက်ပေးနိုင်မယ့် ခေတ်မီရပ်ဝန်းတစ်ခုရှိဖို့လိုနေပါပြီ
ဟစ်တိုင်ပလက်ဖောင်းကတဆင့်
ပြည်သူလူထုနဲ့ အဖွဲ့အစည်းတွေ လုံခြုံစိတ်ချစွာ
ထိတွေ့ ဆက်ဆံ ပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်
စစ်တမ်း
ဟစ်တိုင်ကတဆင့် မြန်မာနိုင်ငံတစ်ဝန်းလုံးကို စစ်တမ်းတွေ ဖြန့်ကျက်ကောက်ယူနိုင်ပါတယ်၊ ပြည်သူလူထု ကြုံနေရတဲ့ အခက်အခဲတွေရဲ့ အတိမ်အနက်နဲ့ သက်ရောက်မှုတွေကို စစ်တမ်းရလဒ်တွေကတဆင့် မြင်နိုင်ပါတယ်
အင်တာနက်မရရှိသော ဒေသများအတွက်
အင်တာနက်မလိုဘဲ စစ်တမ်းကောက်ယူနိုင်ပါသည်
စစ်တမ်းများကို မိနစ်ပိုင်းအတွင်း အလွယ်တကူတည်ဆောက်နိုင်ပါသည်
နည်းပညာနှင့်အလှမ်းဝေးသော ကျေးလက်များအတွက်ကိုယ်စားလှယ်များကတဆင့် စစ်တမ်းများကိုယ်စားကောက်ယူနိုင်ပါသည်
နေရာဒေသ၊ လိင်တိမ်းညွတ်မှု၊ အသက်အပိုင်းအခြား ...စသည့် မိမိကောက်ယူလိုသည့် အစုအဖွဲ့အလိုက်သီးသန့်ရွေးချယ်ပြီး အထူးစစ်တမ်းများ ကောက်ယူနိုင်ပါသည်
စစ်တမ်းပြီးဆုံးလျှင် ရလဒ်များကို ခွဲခြမ်းစိတ်ဖြာပြီး Data Visualization များ ထုတ်ယူနိုင်ပါသည်
စကားဝိုင်း
စကားသံတွေက အခက်အခဲတွေချည်းမဟုတ်ပါဘူး၊ အကြံဉာဏ်တွေ မျှဝေမှုတွေနဲ့ အပြန်အလှန် ကူညီဖေးမမှုတွေလဲ ပါပါတယ်
စကားဝိုင်းတွေကတဆင့် ယုံကြည်အားကိုးရတဲ့ လူမှုအသိုက်အဝန်းတွေဖြစ်လာအောင် တည်ဆောက်ကြရအောင်
အဖွဲ့အစည်းတိုင်းသည် မိမိတည်ဆောက်ထားသည့်စကားဝိုင်းများကို အပြည့်အဝ ထိန်းချုပ်ခွင့်ရှိသည်
စကားဝိုင်းများကို မည်သူမဆို ပါဝင်ဆွေးနွေးနိုင်သောအများဆိုင်အဖွဲ့အဖြစ် တည်ဆောက်နိုင်သလို၊ သီးသန့်ရွေးချယ်ခွင့်ပြုထားသော သီးသန့်အဖွဲ့အဖြစ်လည်း တည်ဆောက်နိုင်ပါသည်
နို့တစ်ဘုတ်
ပြည်သူလူထု သိရမယ့်အကြောင်းအရာတွေကို နို့တစ်ဘုတ်မှာ အချိန်နဲ့တပြေးညီ ရေးသားဖော်ပြနိုင်ပါတယ်
မိုးလေဝသသတိပေးချက်တွေ၊ မိုင်းအန္တရာယ်သတိပေးချက်တွေနဲ့ ကျန်းမာရေး လူမှုရေးဆိုင်ရာ သိမှတ်စရာတွေကိုရေးသားဖော်ပြပြီး ပြည်သူလူထုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်
နေရာဒေသ၊ အသက်အပိုင်းအခြား စသည့်သတ်မှတ်ချက်များအလိုက် ရွေးချယ်ဖော်ပြနိုင်ပါသည်
အကြောင်းအရာအပေါ် မူတည်၍ React ပေးခြင်းမှတ်ချက်ပေးခြင်းတို့ကို စိတ်ကြိုက် ကန့်သတ်ခွင့်ပြုနိုင်ပါသည်